Wednesday, March 28, 2012

ဒီသီချင်းက သူတို့ ဆိုစရာလား ဖေဖေရဲ့

ဒီသီချင်းက သူတို့ ဆိုစရာလား ဖေဖေရဲ့
သံစဉ်များနဲ့ ကမ္ဘာ
`ဖေဖေ ၊ ဖေဖေမှားနေတယ်`
တစ်ညက ဖြစ်သည်။ ကျွန်တော်က စာရေးနေသည်။ သမီးလေး ချစ်ပေါက် က ဆော့နေသည်။ စိတ်ဝင်တစားဖြင့် စာရေးနေချိန်တွင် သမီးက အနားသို့ ကပ်လာပြီး ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။
``ဖေဖေ ဘာမှားလို့လဲ သမီးရဲ့``
မှားနေတယ်လေ ဖေဖေရဲ့၊ ဖေဖေ ရေးတဲ့ စက္ကူမှာ နေ့စွဲလို့ ရေးထားတယ်။ အခု ညရောက်နေပြီလေ။ ညစွဲလို့ ရေးရမှာပေါ့။ ဖေဖေက နေနဲ့ ညနဲ့လည်း မသိဘူး။
ကျွန်တော် ပြုံးမိသည်။ သမီးပြောတော့လည်း တွေးစရာ ရလိုက်သည်။ အခုမှ ပထမတန်း ရှိသေးသည်။ သတ္တိရှိသည်။ ရဲဝင့်သည်။ အလွန်ဆော့သည်။ တစ်ခါ တစ်ရံ မျောက်တကောင်နှင့် တူသည်။
ပြီးခဲ့သောနှစ် ၊ သူငယ်တန်းတုန်းက ကျောင်းတွင် သူ၏ အတန်းပိုင်ဆရာမနှင့် စကားများခဲ့သည်။ ဆရာမက ဒရယ် ဆိုသော စာလုံးပေါင်းကို သင်သည်။ ဒရေးဒ ၊ ရ ရေး ရသတ် ရယ် ဟု သင်သည်။ သမီးက ဒဒွေးရေး ဒ ၊ ရကောက်ရေး ယပလက်သတ်ရယ် ဟု အော်ပြီး ဖတ်သည်။ ဆရာမက သူချပေးသလို လိုက်ပြီး မဆိုသဖြင့် ဒဏ်ပေးသည်။ သမီးက အိမ်ရောက်တော့ ဒီအကြောင်းကို ပြောပြသည်။
``ဖေဖေ သိလား၊ ဒဒွေးတွေ၊ ဓအုပ်ချိုက်တွေ၊ ရကောက်တွေ၊ ယပလတ်တွေ ခွဲပြီး မဆိုတော့ဘူး။ သမီးက ဖေဖေ သင်ပေးတဲ့အတိုင်း ဆိုတယ်။ အဲဒါ ကျောင်းမှာ သမီးဆိုတာကို မှားတယ်တဲ့။ ဒီလိုဆိုရင် ဒဒွေးနဲ့ ဓအုပ်ချိုက် တစ်ခုရှိရင်ကို ရပြီပေါ့လို့ သမီးက ဆရာမကို ပြောလိုက်တယ်။ အဲဒါနဲ့ သမီး အတန်းထဲမှာ မတ်တတ်ရပ်ပြီး နေရတယ်။ ဖေဖေ မှားတာလား။ ဆရာမ မှားတာလား``
ကျွန်တော့ သမီးက အဲဒီလိုမျိုး။ လူမကြောက်ဘူး။ ပြောစရာရှိရင် ပြောတတ်သည်။
တစ်နေ့က သမီးကို ကာတွန်းစာအုပ်တစ်အုပ် ဖတ်ပြသည်။ ထိုစာအုပ်ထဲတွင် ဇာတ်လမ်းသည် လူသတ်ပြီး ဓားပြတိုက်သွားသော လူဆိုးကို ဖမ်းမိလျှင် ဆုငွေ ဒေါ်လာ တစ်သန်းပေးမည်ဟု ပါရှိသည်။ ထိုလူသတ်ကောင် ဓားပြဗိုလ်၏ ဓာတ်ပုံအထက်တွင် အလိုရှိဟူသော စာတန်းချိတ်ဆွဲထားသည်။
ဖေဖေ ရဲတွေကလည်း ညံ့လိုက်တာ
ဘာဖြစ်လို့လဲ သမီးရဲ့
ဖေဖေရယ် ။ အဲဒီ လူဆိုးဗိုလ်ကြီးကို ဓာတ်ပုံရိုက်တုန်းက ဖမ်းထားလိုက်ရင် ပြီးတာပဲ။ အခုကျမှ ဆုငွေထုတ်ရတယ်လို့။
သမီးပြောစကားများသည် ရိုးရိုးလေးနှင့် ဆန်းနေသည်။
သမီးသည် ယခုခေတ်တွင် မွေးသော ကလေးများ၏ စတိုလ် အပြည့်ရှိသည်။ ထုပ်ဆီးတိုးတမ်း မကစားတတ်။ ဖန်ခုန်တုန်း ကစားခြင်းကို မကြားဘူး။ ကြက်ဖခွပ်တမ်း ကစားခြင်းကို နားမလည်။ သူတို့ ကစားသည့်နည်းများမှာ မော်ဒယ်ရှိုးလျှောက်တမ်း၊ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုတမ်း ကစားကြသည်။ အိုးပုတ်၊ ချိုးရုပ်ကို သူမသိ။ ဇယ်တောက်တမ်း ကစားခြင်းကို သူမသိ။ ကွန်ပျူတာကို သိသည်။ လက်တော့ပ်ကို သိသည်။ ကီးဘုတ်ကို သိသည်။ မောက်စ်ကို သိသည်။ ယနေ့ခေတ် အဆိုတော်ပေါက်စများ၏ သီချင်းများကို ကျွမ်းဝင်သည်။ မြို့မငြိမ်းကို မသိ။ စိုင်းစိုင်းကို သိသည်။ နတ်ရှင်နောင်ကို မသိ။ မိုးမိုးကို သိသည်။ ကလေးဆိုတော့ ထားပါတော့။
တစ်နေ့က အိမ်တွင် IC သီချင်း စီဒီချပ်ကို ဖွင့်နေသည်။ သမီးက လေးဖြူကိုလည်း ကြိုက်သည်။ အငဲကိုလည်း ကြိုက်သည်။ ဝိုင်းဝိုင်းနှင့် ဇော်ပိုင်ကိုလည်း နှစ်သက်သည်။ တကယ့် အာဂ သမီးလေးပါ။
ဇော်ပိုင်၏ ပန်ဆင်ပို့ ပန်းကလေးတွေ ပွင့်လန်းနေ………. မပန်ချင်လည်း နှလုံးသားကို ခြွေလိုက်လေ……… ဆိုသည့် သီချင်းကို အလွန်ကြိုက်သည်။ တစ်ခါတစ်ရံ ဤသီချင်းကို ညဉ်းဆိုနေတတ်သည်။
ဖေဖေ …… ကျောင်းမှာ သမီးတို့ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုတမ်း ကစားကြတယ်။ သမီးက ဇော်ပိုင် သီချင်းကို ဆိုပြလိုက်တယ်။ သမီး သူငယ်ချင်း ရွှန်းလဲ့ခင်က ပြောတယ်။ အဲဒါ မြန်မာသီချင်း မဟုတ်ဘူးတဲ့။ ဟုတ်လား ဖေဖေ……………
သမီးက အဲဒီလို ပေါက်တတ်ကရလည်း မေးတတ်ပါသည်။
သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ကဗျာကို အသံနေ အသံထားဖြင့် ရွတ်ဆိုနေတတ်ပြန်သည်။
ပန်းကလေးများ ပွင့်တော့မည်….. ဖူးတံဝင့်လို့ချီ… ဆိုသည့်ကဗျာ ကို သီချင်းတစ်ပုဒ်ကဲ့သို့ ဆိုပြနိုင်သည်။ ဆိုပြတတ်သည်။ ကျောင်းမှ သင်သော ကဗျာများ၊ စာများ၏ အကြောင်းရင်းများကိုလည်း မေးတတ်သည်။ ရှင်းပြခိုင်းသည်။ စိတ်ဝင်စားသည်။ သူမေးသမျှ စိတ်ရှည်ရှည်ဖြင့် သူနားလည်အောင် ရှင်းပြရပါသည်။
ဖေဖေ… ညအခါ… လသာသာ၊ ကစားမလား… နားမလား ဆိုတာ မီးမလာလို့လား ဖေဖေရဲ့။ သမီးဖြင့် ညအခါ… လာသာသာမှာ မကစားဖူးပေါင်`
သမီးပြောတော့မှ ဒီနေ့ခေတ်ကလေးငယ်များ၏ ခံစားချက်နှင့် အမြင်ကို တွေးဆမိပြန်သည်။
တစ်နေ့တွင်…….
ကျောင်းမှ ပြန်လာစဉ် ထူးထူးဆန်းဆန်း ကစားများကို ပြောလေတော့သည်။
ဖေဖေရေ…. သမီးတို့အတန်းထဲကိုလေ ကျောင်းသားအသစ် ငါးယောက်တောင် ရောက်လာတယ် သိလား..
အဲဒါ ဘာဖြစ်တုန်း သမီးရဲ့
သူတို့က မြန်မာစကား ကောင်းကောင်း မပြောတတ်ဘူး။ စကားလည်း မပီဘူး..
ငယ်သေးလို့ နေမှာပေါ့ သမီးရဲ့..
ပြီးတော့လေ.. သူတို့က ကျောင်းကိုလာရင် ကားဖြူဖြူ၊ အကောင်းစားကြီးနဲ့ လာတယ်ဖေဖေရဲ့။ ကားရဲ့ ရှေ့မှန်မှာလည်း အနီရောင်စက္ကူပေါ်မှာ ရွှေရောင်စာလုံးတွေနဲ့။ ဘာတွေမှန်းလည်း မသိဘူး။ ရေးထားတယ်။ ကပ်ထားတယ်။
အဲဒါ ဘာဖြစ်တုံး..
သူတို့က သူဌေးတွေလို့ ပြောတာပဲ။ အတန်းပိုင် ဆရာမနဲ့လည်း ခင်တယ် ထင်တယ်။ သူတို့က နောက်မှာ ရောက်လာပြီး ရှေ့ဆုံးခုံမှာ ထိုင်ရတယ် ဖေဖေ..
သောကြာသမီး ပီသသည်။ အလွန်စကားများသည်။ အလွန်စပ်စုသည်။
သူတို့ စာအုပ်ထည့်လာတဲ့ ကျောပိုးအိတ်ကြီးကလည်း အမိုက်စားကြီးဗျ။ သုံးသောင်း ပေးရတယ် ပြောတယ်။ သူတို့ ဒီလောက်ထိ ဘာလို့များ သူဌေးဖြစ်ရတာလဲ မသိဘူး..
ကျွန်တော် ပြုံးလိုက်မိသည်။ သမီးက ဆက်ပြောသည်။
နေ့လယ် ထမင်းစားဆင်းတော့ ကျောင်းရှေ့က သစ်ပင်အောက်မှာ ကော်ဇော အနီကြီးကို ခင်ပြီးတော့ ထမင်းစားကြတယ် ဖေဖေရဲ့၊ သူတို့က ကြွားသေးတယ်။ ပုဇွန်ဟင်းနဲ့ စားတာတဲ့။ သမီးကလည်း ပြန်ကြွားလိုက်တာပေါ့။ ငါတို့က အာလူးဟင်းလို့..
သမီးက အာလူးဟင်းကို ကြိုက်သည်။ အာလူးကိုမှ ဟင်းထင်သူ ဖြစ်သည်။
သူတို့က သူတို့အချင်းချင်း မြန်မာစကားမပြောကြဘူး ဖေဖေရဲ့၊ ဘာစကားတွေမှန်း မသိပါဘူး၊ ကိုရီးယား စကားလိုလို ဘာလိုလို နဲ့..
သမီက ကျောင်းမှ ပြန်လာတိုင်း တစ်အိမ်လုံးကို သူ့ကျောင်းအကြောင်း ပြောတတ်သည်။ တစ်ခါတလေ ရယ်ရသည်။ တစ်ခါတလေ ဘာမှန်းမသိပါ။ သို့သော် ကလေးပီပီ သွက်လက်ချက်ချာသဖြင့် ချစ်မိသည်ကတော့ အမှန်ပင်။
ဒီနေ့ ညနေ ကျောင်းမှ ပြန်အလာ သမီး ငိုလာသည်။ ဘာကြောင့် ငိုလာရသလဲဟု ဝိုင်းပြီး မေးကြသည်။
ဖေဖေ ဘာသိလို့လဲ..
မသိလို့ မေးတာပေါ့ သမီးရဲ့..
သမီးတို့က ကျောင်းမှာ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုတမ်း ကစားကြတယ်..
အဲဒါ ဘာဖြစ်တုံး..
သမီးက ဇော်ပိုင်သီချင်းကို ဆိုပြလိုက်တယ်
ဘာသီချင်းလဲ သမီးရဲ့
..ပန်ဆင်ဖို့ ပန်းကလေးတွေ .. ပွင့်လန်းနေ .. သီချင်းပေါ့
အဲဒီ သီချင်းက သမီးအလွန်ပိုင်တဲ့ သီချင်းပဲ။ ဒါနဲ့ သမီးက ဘာဖြစ်လို့ ငိုရတာတုံး.
သူတို့က အဲဒီသီချင်းကို သူတို့စကားနဲ့ ဆိုပြတယ် ဖေဖေရဲ့။ အဲဒါ သူတို့ သီချင်းတဲ့.
ဟုတ်တယ်လေ ။ ဒါနဲ့များ သမီးက ငိုရတယ်လို့အေ..
သမီးက အဲဒီအထိ မငိုသေးပါဘူး
ကဲ ဆက်ပြောစမ်းပါဦး
သမီး သူငယ်ချင်း ရွှန်းလဲ့ခင်က သူတို့ကို သီချင်းဆိုပြစမ်းပါလို့ ခိုင်းလိုက်တယ်..
သမီးက ပြောရင်းဖြင့် မျက်ရည်များ လည်လာသည်။ ဝမ်းနည်းလည်သည်။ ဦးခေါင်းကို မော့ထားသည်။
ပြောလေ သမီးရဲ့..
သူတို့က ကမ္ဘာမကျေ သီချင်းကို အော်ပြီး ဆိုပြတယ်..
ဒါငိုစရာလား သမီးရဲ့..
ဖေဖေ ဘာသိလို့လဲ။ ကမ္ဘာမကျေ သီချင်းထဲမှာ ပါတယ်လေ။ ဒါ တို့ပြည်… ဒါတို့မြေ… တို့ပိုင်တဲ့ပြည်တဲ့။ ဒီသီချင်းက သူတို့ ဆိုစရာလား…. ဖေဖေရဲ့..
ကျွန်တော်တို့ တစ်အိမ်လုံး တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး မှင်တက်နေမိကြတော့သည်။
သြော် … သမီးလေး ချစ်ပေါက်ရယ်……

ဦးဘုန်း(ဓာတု) မန္တလေး
ရနံ့သစ် မဂ္ဂဇင်း
                                            ဧဒင်ဥယျဉ်မှကူးယူဖေါ်ပြပါသည်။

Tuesday, March 27, 2012

                                                                                           

သတင်းဌာနများ

မူးယစ်ဆေးဝါးပပျောက်ရေးခေါင်းစဉ်အောက်ကရောင်စုံပန်းဥယျာဉ်များ

မူးယစ်ဆေးဝါးပပျောက်ရေးဆိုတဲ့ကောင်းစဉ်အောက်မှာ ခပ်ဝင့်ဝင့်ရှင်သန်နေတဲ့ ဘိန်းခင်းတစိတ်တဒေသပါ




မြန်မာပြည်တွင်းကဘိန်းခင်းဆိုရင် လူတိုင်းရဲ့မျက်လုံးထဲမှာ ရှမ်းပြည်နယ်ကိုမြင်ပြီးသား
၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(အထူးဒေသ- (၆) )အပါအ၀င် ရှမ်းပြည်တစ်ခွင်လုံးမှာ ဘိန်းကင်းစင်ပပျောက်ရေးဆိုပြီး လုပ်နေကြတာကြာခဲ့ပါပြီ၊ဒါပေမယ့် ယနေ့အချိန်ထိ ဘိန်းခင်းတွေကမကွယ်ပျောက်နိုင်သေးပါဘူး၊ရောင်စုံပန်းဥယျာဉ်ကြီးပမာနှစ်စဉ် နှစ်တိုင်းရှင်သန်နေဆဲပါ၊
ဘာကြောင့် မှုယစ်ဆေးဝါးပပျောက်ရေးခေါင်းစဉ်အောက်မှာ ဒီဘိန်းခင်းတွေရှင်သန်နေရတာလဲ
စဉ်းစားစရာပါ၊အစိုးရကလဲမှုးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်း တွေချ၊တော်လှန်ရေးအဖွဲ့အစည်းတွေကလဲ
မှုးယစ်ဆေးဝါပပျောက်ရေးဆိုပြီးကြွေးကျော်နေကြတဲ့ကြားမှာ ဘိန်းခင်းတွေက ရှင်သန်နေကြလေရဲ့၊
ဘိန်းစိုက်တောင်သူတွေကိုဘဲအပြစ်တင်ရမလား? အာဏာပိုင်ဆိုတဲ့အုပ်ချုပ်သူလူတန်းစားတွေကိုဘဲ
အပြစ်တင်ရမလား? ဘိန်းတောင်သူတွေဟာ အခမဲ့ လွတ်လွတ်လပ်လပ်စိုက်ကြရတာတော့မဟုတ်ပါဘူး၊
သက်ဆိုင်ရာစစ်တပ်တွေ ရဲစခန်းတွေ အုပ်ချုပ်ရေးပိုင်းကလူတွေကို ငွေပေးပြီးမှ စိုက်ကြရတာပါ၊
အစိုးရစာစောင်တွေမှတရာမ၀င်ဘိန်းခင်းတွေကိုဖျက်ဆီးတာမြင်ဘူးဖတ်ဖူးပါတယ်၊အခုဘိန်းခင်းတွေက
ငွေပေးပြီးမှ လုပ်တယ်၊ဖျက်ဆီးတာလဲမရှိဘူးဆိုတော့တရားဝင်ဘိန်းခင်းတွေများဖြစ်နေမလား
လို့လဲတွေးစရာပါ၊ရောင်စုံပန်းခင်းကြီးလိုလှချင်တိုင်းလှနေတဲ့ဘိန်းပန်းဥယျာဉ်ကြီးရဲ့နောက်ကွယ်မှာ
လူသားမျိုးနွယ် တစ်ခုလုံးလူညွှန့်တုံးမယ့်အဖြစ်ဆိုးမျိုးရှိနေတာ အသိဥာဏ်အဆင့်အတန်းရှိသူတိုင်း
လက်ခံပြီးသားပါ၊ဒါဆိုလက်တစ်ဖက်က မှုးယစ်ဆေးဝါးပပျောက်ရေးဆိုင်းဘုတ်ကိုကိုင်၊လက်တစ်ဖက်က
ဘိန်းစိုက်တောင်သူတွေဆီကနေ ငွေတောင်းပြီး စိုက်ခွင့်ပြုနေတဲ့ဂုဏ်သရေရှိလူကြီးမင်းများအမည်ခံ
ပုဂ္ဂိုလ်တွေရဲ့အသိဥာဏ်အဆင့် အတန်းဘယ်လောက်ရှိလဲအတွေးအခေါ်အတိမ်အနက်ဘယ်လောက်ရှိ
လဲမေးခွန်းထုတ်စရာပါ၊ ဒီနေရာမှာ ဘိန်းခင်းတောင်သူတွေကိုအပြစ်မတင်ဘူးလားလိုမေးစရာရှိပါတယ်၊
ဘိန်းတောင်သူ ၉၅% ဟာစာမတတ်ကြပါဘူး၊အသိအမြင်ဗဟုသုတလည်းနည်းပါတယ်၊ဆိုင်ရာကထိ
ထိရောက် ရောက်တားဆီးအရေးယူမယ်ဆိုရင် ဒီလူတွေဘိန်းမစိုက်ရဲပါဘူး၊ငွေပေးပြီးလုပ်တာတောင်မှ
စစ်တပ်တို့ ရဲတို့ကိုမြင်ရင် ဒူးတုန်အောင်ကြောက်နေကြသူတွေပါ၊တကယ်တန်းတားဆီးရင်ဘယ်လုပ်ရဲကြပါ့
မလဲ၊မလုပ်ရဲရင် ဒီဘိန်းပန်းဥယျာဉ်ကြီးလည်း ဘယ်လိုဖြစ်ထွန်းလာအုံးမှာလဲ၊ဘိန်းဥယျာဉ်ကြီးတွေဖြစ်
ထွန်းနေတာဘယ်သူ့မှာတာဝန်အရှိဆုံးလဲဆိုတာရှင်းနေတာပါပဲ၊ရှည်ရှည်ဝေးဝေးစဉ်းစားစရာမလိုပါဘူး။

Sunday, March 25, 2012

မြန်မာပြည်အနောက်မြောက်ဒေသမှအဖိနှိပ်ခံရှမ်းနီမျိုးနွယ်စုများ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မိုင်းတောင်းကျေးရွာတွင် 15-3-12  ရက် ည(12)နာရီအချိန်တွင်နာဂဆိုရှယ်လစ်ကောင်စီ(ကပ်ပလန်)(NSCN-K)မှ ဟိန်ကွတ်နယ်မြေမြို့နယ်မှုးဦးတင်ညွန့်၎င်းနောက်လိုက်ကျော်ကျော်နှင့်အမည်မသိတစ်ဦး ပေါင်းသုံးယောက်အဖွဲ့သည်စာနှင့်ဆင့်ခေါ်ပြီးဆက်ကြေးငွေ တောင်းသည့်အတွက်
1027000 ကျပ်တိတိပေးဆောင်လိုက်ရပါသည်။အဆိုပါငွေသည်2011ကြွေးကျန်နှင့်
2012အတွက်စုပေါင်းကောက်ခံခြင်းဖြစ်ကြောင်း။၎င်းကျေးရွာသည်ရှမ်းလူမျိုးများသာနေထိုင်သည့်ကျေးရွာဖြစ်သည်။သို့သော်နာဂများပြောင်းရွှ့နေထိုင်ပြီး2008ခုနှစ်မှစတင်ပြီးဆက်ကြေးငွေစတင်ကောက်ခံလာပါသည်။2008ခုနှစ်ဆက်ကြေးငွေမှာ11သိန်း7သောင်းကျပ်ဖြစ်သည်။အလားတူ2009ခုနှစ်တွင်လည်း2သိန်းကျပ်ပေးဆောင်ရပြန်ပါသည်။ဟိန်ကွတ်မြို့နယ်မှုးဦးတင်ညွန့်ပြောသွားသောစကားမှာ------  (1)ခေါင်းဆောင်ကြီးကပ်ပလန်ခိုင်းလို့မဟုတ်
 (2)သမိုင်းကခိုင်းလို့လုပ်ရတာပါ
 (3)အချိန်အခါသင့်လို့လှုပ်ရှားရတာပါ
(4)တာဝန်ယူရတဲ့နယ်မြေကတော့ နမ့်ဝိုင်းချောင်းဝမှသောင်သွပ်ထိ (သောင်သွပ်ဆိုတာတချိန်ကရှမ်းစော်ဘွားတွေနန်းစိုက်အုပ်ချုပ်ခဲ့တဲ့နယ်မြေပါ။)
အလားတူဖြစ်ရပ်များနောင်ပင်၊မန်ဖာ၊နောင်ပင်လေး၊မောင်းခမ်း၊အစရှိသောချင်းတွင်း
မြစ်ရိုးတစ်လျှောက်တွင်၎င်းဖြစ်စဉ်များဖြစ်ပွားခဲ့ပါသည်။  အဆိုပါဖြစ်စဉ်များကြောင့်ချင်း
တွင်းမြစ်ဝှမ်းနေရှမ်းလူထုများဟာကျီးလန့်စာစားဖြစ်နေကြရပါသည်။အဆိုပါဖြစ်စဉ်များ
ကြောင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုထိခိုက်မှာစိုးရိမ်နေကြပါသည်။  
                                                1                                                                          
နာဂတိုင်းရင်းသားတွေတောင်ပေါ်မှပြောင်းရွှေ့လာပြီးနောက်ပိုင်းမှ၎င်းဖြစ်စဉ်များပေါ်ပေါက်လာရခြင်းမှာစဉ်းစားစရာဖြစ်နေပါသည်။သောင်သွပ်စော်ဘွားမြို့အထိပိုင်တယ်ဆိုတာကလည်းစဉ်းစားစရာပါ။
အဆိုပါမိုင်းတောင်းကျေးရွာသည်အိမ်ခြေ178 အိမ်ရှိပြီးတောင်ပေါ်မှပြောင်းရွှေ့အခြေချ
နေထိုင်သောနာဂအိမ်ခြေမှာ20ကျော်ရှိလာပါသည်။အဆိုပါဒေသခံရှမ်းများက တောင်ပေါ်ဒေသနေ နာဂ တိုင်းရင်းသားများအပေါ်ညီရင်းအစ်ကိုပမာဆက်ဆံပြီး
ပီနောင် ဟုသုံးစွဲခေါ်ဝေါ်ခဲ့ကြပါသည်။
၎င်းကိုသဘောမပေါက်လေသလားသို့မဟုတ်နောက်ကွယ်ကနိုင်ငံရေးကစားသူများ၏
မြောက်ပင့်ပေးမှုကြောင့်လား ။၎င်းဖြစ်စဉ်များဖြစ်ပေါ်နေရခြင်းကလည်းစဉ်းစားစရာ
တစ်ချက်ပါ။
နောင်ပင်ရွာသားဦးကျော်နိုင်အား(  21-12-2011 )ရက်တွင်ပစ်သတ်သည်အထိ
လုပ်လာခဲ့သည်။အစိုးရစစ်တပ်တွေဘယ်ရောက်ကုန်သနည်း။ယနေ့အချိန်ထိအရေး
တယူဆောင်ရွက်တာမမြင်ရပါ။မသိရပါ။နာဂနှင့်ရှမ်းကိုရန်တိုက်ပေးနေလေသလား။
ပြည်သူတွေဆီကထောက်ခံမဲအပြည့်အ၀ရခဲ့ပါသည်ဆိုသောကြံ့ခိုင်ရေးပါတီဘယ်
ရောက်နေသနည်း။အသတ်ခံလိုက်ရတဲ့ဦး ကျော်နိုင်ဟာ တစည စည်းရုံးရေးမှုး ပါ ။
တစညလည်းအသံတိတ်နေသည် ဘယ်ရောက်နေလဲ အစည်းအဝေးတွေလုပ်ပြီးအချိန်
ကုန်နေတာလား။ ကျားဖြူပါတီကိုရောအားကိုးလို့ရမလား ဘာလုပ်ပေးနိုင်မလဲ။
ဒါမှမဟုတ်နာဂ၀န်ကြီးချုပ် ဦးရိုစန်ကျူး(နာဂလူမျိုး အစိုးရတပ်တွင်ဗျူဟာမှုးတာဝန်
ထမ်းဆောင်ခဲ့ဘူးသူ) ကို အဖေ ခေါ်ရမှာလား။
ဒေသခံရှမ်းနီလူမျိုးတွေအဖေပျောက်နေတဲ့အဖြစ်ကရင်နာစရာပါ။မိဘမဲ့ရှမ်းနီတွေဘာလုပ်ကြမှာလဲ။